မြန်မာနိုင်ငံအခြေစိုက်ထိုင်ပေကိုယ်စားလှယ်ရုံးသည် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၁၇ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့  တရုတ်သမ္မတနိုင်ငံ(ထိုင်ဝမ်)နိုင်ငံခြားရေးဝန်ကြီး Dr. Joseph Wu ၏ ဝမ်းမြောက်ကြောင်း သဝဏ်လွှာကိုပေးပို့ ခဲ့သည်။နိုဝင်ဘာ ၈ ရက်နေ့ တွင်ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(NLD)မှ အနိုင်ရရှိခဲ့ခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရာတွင် နောက်ထပ်အဆင့်တစ်ဆင့် တက်လှမ်းနိုင်ခဲ့ခြင်းနှင့်ကြိုးပမ်းမှုများပင်ဖြစ်ပါကြောင်း ဂုဏ်ယူဝမ်းမြောက်ပါသည်။နိုင်ငံခြားရေးဝန်ကြီး Dr. Joseph Wu အနေဖြင့် နှစ်နိုင်ငံအစိုးရအကြား အပြန်အလှန်ဆွေးနွေးမှုများနှင့်ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ဖော်ဆောင်သွားနိုင်ရန် မျှော်လင့်ပါသည်။
ယခုကျင်းပသောအထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)သည် ပြည်ထောင်စုအဆင့်လွှတ်တော်ဖြစ်သော ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော်၄၇၆ နေရာ (၁၆၁ + ၃၁၅) တွင်စုစုပေါင်း ၃၉၆ နေရာ (၁၃၈ + ၂၅၈) အနိုင်ရရှိခဲ့ပြီး အစိုးရဖွဲ့စည်းရန် အနည်းဆုံးလိုအပ်သည့် ၃၂၂ နေရာထက်ကျော်လွန်ရရှိခဲ့သည့်အပြင်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးလွှတ်တော်တွင် ၅၀၁ နေရာအနိုင်ရရှိပြီ ဖြစ်သောကြောင့် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိသည်ဟုဆိုနိုင်ပါသည်။
မြန်မာနိုင်ငံအခြေစိုက်ထိုင်ပေကိုယ်စားလှယ်ရုံး သံအမတ်ကြီး Mr. Charles Li သည် နိုဝင်ဘာလ ၁၁ ရက်နေ့ တွင် မြန်မာနိုင်ငံအစိုးရနှင့်ပြည်သူများသည် COVID-19ကပ်ရောဂါကာလအတွင်း အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းအပေါ်ဂုဏ်ယူဝမ်းမြောက်ကြောင်း နှင့် ရွေးကောက်တင်မြှောက်လာသောအစိုးရသစ်နှင့်အတူ ငြိမ်းချမ်းရေးလုပ်ငန်းများ၊ နက်ရှိုင်းသောဒီမိုကရေစီစနစ်၊ နှစ်နိုင်ငံစီးပွားရေး ကုန်သွယ်မှုနှင့်ရင်းနှီးမြုပ်နှံမှုဆိုင်ရာဆက်ဆံရေးများနှင့် အခြားပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ဆောင်ရွက်ခြင်းအပေါ် ဆက်လက်ကူညီထောက်ပံ့ပေးသွားမည်ဟုထပ်လောင်းဖော်ပြခဲ့ပါသည်။