此網頁需要支援 JavaScript 才能正確運行,請先至你的瀏覽器設定中開啟 JavaScript。

This webpage requires JavaScript to function properly. Please enable JavaScript in your browser settings.

Cette page web nécessite JavaScript pour fonctionner correctement. Veuillez activer JavaScript dans les paramètres de votre navigateur.

Esta página web requiere JavaScript para funcionar correctamente. Por favor, habilite JavaScript en la configuración de su navegador.

Diese Webseite benötigt JavaScript, um ordnungsgemäß zu funktionieren. Bitte aktivieren Sie JavaScript in Ihren Browser-Einstellungen.

Для корректной работы этой веб-страницы требуется поддержка JavaScript. Пожалуйста, включите JavaScript в настройках вашего браузера.

このウェブページを正常に動作するにはJavaScriptが必要です。ブラウザの設定でJavaScriptを有効にしてください。

이 웹 페이지는 올바르게 작동하려면 JavaScript가 필요합니다. 브라우저 설정에서 JavaScript를 활성화하십시오.

Tato webová stránka vyžaduje pro svůj správný chod podporu JavaScriptu. Prosím, povolte JavaScript v nastavení vašeho prohlížeče.

Ez a weboldal a megfelelő működéshez JavaScript támogatásra szorul. Kérjük, engedélyezze a JavaScript használatát a böngészőjében.

Questa pagina web richiede JavaScript per funzionare correttamente. Si prega di abilitare JavaScript nelle impostazioni del browser.

Šī tīmekļa lapa darbībai ir vajadzīgs JavaScript atbalsts. Lūdzu, ieslēdziet JavaScript savā pārlūkprogrammas iestatījumos.

Esta página da web requer JavaScript para funcionar corretamente. Por favor, ative o JavaScript nas configurações do seu navegador.

Deze webpagina vereist JavaScript om correct te functioneren. Schakel JavaScript in uw browserinstellingen in.

Ta strona wymaga obsługi JavaScript, aby działać prawidłowo. Proszę włączyć obsługę JavaScript w ustawieniach przeglądarki.

Laman web ini memerlukan JavaScript untuk berfungsi dengan betul. Sila aktifkan JavaScript dalam tetapan pelayar anda.

Halaman web ini memerlukan JavaScript untuk berfungsi dengan baik. Harap aktifkan JavaScript di pengaturan browser Anda.

เว็บไซต์นี้ต้องการ JavaScript เพื่อทำงานอย่างถูกต้อง โปรดเปิด JavaScript ในการตั้งค่าบราวเซอร์ของคุณ

Bu web sayfasının düzgün çalışması için JavaScript gereklidir. Lütfen tarayıcı ayarlarınızda JavaScript'i etkinleştirin.

Trang web này yêu cầu JavaScript để hoạt động đúng. Vui lòng kích hoạt JavaScript trong cài đặt trình duyệt của bạn.

Эн вэб хуудас нь зөв ажиллахын тулд JavaScript дэмжлэг авах шаардлагатай. Таны броузерын тохиргоонд JavaScript-ийг идэвхжүүлнэ үү.

ဒီဝန်ဆောင်မှုစာမျက်နှာကိုမှားယွင်းရန် JavaScript ကိုလိုအပ်ပါ။ သင့်ရဲ့ဘောဒီကိုပြင်ဆင်ရန် JavaScript ကိုဖွင့်ပါ။

ບໍ່ສາມາດເຮັດວຽກເວັບໄຊນີ້ໄດ້ຖ້າບໍ່ມີການສະຫລັບ JavaScript. ກະລຸນາໃຊ້ການຕັ້ງຄ່າຂອງເວັບໄຊໃຫ້ເປີດ JavaScript ກ່ອນ.

ទំព័រវេបសាយនេះត្រូវការ JavaScript ដើម្បីដំណើរការប្រើប្រាស់បានល្អ។ សូមបើក JavaScript នៅក្នុងការកំណត់របស់អ្នកក្នុងក

  ထိုင်ဝမ်ကျန်းမာရေးဝန်ကြီး ဒေါက်တာ Shih-Chung C... - Taipei Economic and Cultural Office in Myanmar 駐緬甸台北經濟文化辦事處 :::
:::

ထိုင်ဝမ်ကျန်းမာရေးဝန်ကြီး ဒေါက်တာ Shih-Chung Chen ၏ ၇၅ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံ ဆောင်းပါး : ထိုင်ဝမ်၏ ဆန်းသစ်သောနည်းပညာနှင့် COVID-19 ထိန်းချုပ်ရေးမဟာဗျူဟာ

COVID-19 ကပ်ရောဂါဖြစ်ပွားပြီး နှစ်နှစ်အတွင်း ကမ္ဘာတဝှမ်းတွင် အတည်ပြုလူနာပေါင်း ၅၁၀ သန်းကျော်နဲ့ သေဆုံးသူ ၆.၂၅ သန်းကျော် ရှိခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံများသည် ကပ်ရောဂါကို တိုက်ဖျက်နေချိန်တွင် ထိုင်ဝမ်၏ အောင်မြင်မှုများကို ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုခဲ့သည်။ ၂၀၂၂ ခုနှစ် မေလ ၁၀ ရက်နေ့အထိ လူဦးရေ ၂၃.၅ သန်းရှိသော ထိုင်ဝမ်တွင် အတည်ပြုလူနာပေါင်း ၃၉၀,၀၀၀ ခန့်နှင့် သေဆုံးသူ ၉၃၁ ဦးရှိပြီဖြစ်သည်။ အစိုးရနှင့် ပြည်သူများ၏ ပူးပေါင်းကြိုးပမ်းမှုကြောင့် ထိုင်ဝမ်၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၂၁ ခုနှစ်တွင် ၆.၄၅ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့သည်။

နိုင်ငံလုံးဆိုင်ရာ ကျန်းမာရေး ဝန်ဆောင်မှု လွှမ်းခြုံနိုင်ခြင်း

၁၉၉၅ ခုနှစ်တွင် စတင်ခဲ့သော ထိုင်ဝမ်အမျိုးသားကျန်းမာရေးအာမခံ (NHI) စနစ်သည် ကပ်ရောဂါကို တိုက်ဖျက်ရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ NHI စနစ်သည် ကျယ်ကျယ်ပြန့်ပြန့်နှင့် အရည်အသွေးမြင့် ကျန်းမာရေးဝန်ဆောင်မှုများကို ပေးဆောင်ပြီး လူတိုင်းအကျုံးဝင်မှု (၉၉.၉ ရာခိုင်နှုန်း) ရှိသည်။ ထိုင်ဝမ်၏ ခိုင်မာသောကျန်းမာရေးစောင့်ရှောက်မှုနှင့် NHI စနစ်များသည် COVID-19 ကပ်ရောဂါကာလအတွင်း လူများကို အကာအကွယ်ပေးထားပြီး လူမှုတည်ငြိမ်ရေးကို အာမခံပါသည်။ ထို့အပြင် NHI ၏ ပြည့်စုံသော ဒေတာဘေ့စ်နှင့် အခြားသော နောက်ဆုံးပေါ် သတင်းအချက်အလက်စနစ်များသည် ရောဂါကာကွယ်ရေးအတွက် ဒစ်ဂျစ်တယ်နည်းပညာကို အောင်မြင်စွာ အသုံးချနိုင်စေရန်အတွက် အရေးကြီးပါသည်။ CEOWorld ၏ ၂၀၂၁ ခုနှစ် ထုတ်ပြန်ချက်အရ ထိုင်ဝမ်၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်သည် ကမ္ဘာ့ဒုတိယအဆင့်တွင်ရှိသည်။ ၂၀၂၁ ခုနှစ် Numbeo ၏ ကျန်းမာရေးစောင့်ရှောက်မှုညွှန်းကိန်း စစ်တမ်းကောက်ယူခဲ့သောနိုင်ငံ ၉၅ နိုင်ငံတွင် ထိုင်ဝမ်သည် ပထမ ဖြစ်သည်။

ကပ်ရောဂါကာကွယ်ရေးအတွက် နည်းပညာကို အသုံးပြုခြင်း

၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ COVID-19 ကူးစက်ပျံ့နှံ့မှု အစောပိုင်းအဆင့်တွင် ရပ်ရွာကူးစက်မှုအန္တရာယ်ကို လျှော့ချရန်အတွက် အစိုးရက NHI၊ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဒေတာဘေ့စ်များကို အခြေခံ၍ ပြည်ဝင်ခွင့်အတွက် Quarantine စနစ်အား အကောင်အထည်ဖော်ခဲ့သည်။ အိမ်တွင် Quarantine သို့မဟုတ် သီးသန့်ထားရှိရန် လိုအပ်သောသူများကို စောင့်ကြည့်ရန် မိုဘိုင်းလ်ဖုန်းများ၏ တည်နေရာပြသခြင်းစနစ်ကို အသုံးပြုသည့် Digital Fencing Tracking System ကို မိတ်ဆက်ပေးခဲ့သည်။ ထို့အပြင် ကိုယ်ရေးကိုယ်တာ အချက်အလက်များ လုံခြုံမှုရှိစေရန်အတွက် အသုံးပြုသူ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို အများဆုံး ၂၈ ရက်အထိသာ သိမ်းဆည်းသည်။

ဝယ်လိုအားများလာသည့် ဆေးဘက်သုံးနှာခေါင်းစည်းများကို နိုင်ငံသားတိုင်း တန်းတူညီမျှ ဝယ်ယူရရှိနိုင်ရန် နိုင်ငံတော်အနေဖြင့် “Name-based Mask Distribution System” ကို ဖော်ဆောင်ခဲ့ပြီး နိုင်ငံသားများ နှာခေါင်းစည်း ဝယ်ယူရာတွင် ၎င်းတို့၏ NHI ကဒ်ကို အသုံးပြုစေခြင်းဖြင့် ရောင်းလိုအားနှင့် ဝယ်လိုအား မညီမျှမှုကို တားဆီးခဲ့သည်။ ထို့အပြင် NHI MediCloud စနစ်တွင် လူနာများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို မပေါက်ကြားစေဘဲ ၎င်းတို့၏ ကျန်းမာရေးအချက်အလက်တွင် ခရီးသွားလာမှုနှင့် အဆက်အသွယ် မှတ်တမ်းကို ထပ်မံဖြည့်စွက်ခဲ့သည်။ ယင်းသည် ရှေ့တန်း ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများအတွက် ကူးစက်မှု အန္တရာယ်များကို စစ်ဆေးဆုံးဖြတ်ပြီး  သက်ဆိုင်ရာ ကူးစက်မှု ထိန်းချုပ်ရေး အစီအမံများကို ချမှတ်ရန် ကူညီပေးခဲ့ပါသည်။

ကာကွယ်ဆေးထိုးနှံခြင်းနှင့်ဒစ်ဂျစ်တယ်ကာကွယ်ဆေးထိုးလက်မှတ်

ကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှုများကို ဒစ်ဂျစ်တယ်အသွင်ပြောင်းရန်အတွက် NHI Express အက်ပ်ကို စတင်ခဲ့သည်။ အက်ပ်လုပ်ဆောင်ချက်အနေဖြင့် ကာကွယ်ဆေးထိုးရန်ချိန်းဆိုမှုများ၊ ကိုယ်ရေးကိုယ်တာကျန်းမာရေးအချက်အလက်၊ ဆေးမှတ်တမ်းများ၊ COVID-19 ကာကွယ်ဆေးထိုးမှတ်တမ်းများနှင့် စမ်းသပ်မှုရလဒ်များဖော်ပြပေးခြင်းတို့ ပါဝင်သည်။ ထိုင်ဝမ်သည် ၂၀၂၁ ခုနှစ်အကုန်တွင် EU ဒစ်ဂျစ်တယ် COVID Certificate အစီအစဉ်တွင် ပါဝင်ခဲ့ပြီး နိုင်ငံသားများအား ဒစ်ဂျစ်တယ်ကာကွယ်ဆေးထိုးလက်မှတ်များနှင့် စမ်းသပ်မှုလက်မှတ်များကို လျှောက်ထားခွင့်ပြုခဲ့သည်။ ၎င်းပရိုဂရမ်သည် ကမ္ဘာလုံးဆိုင်ရာ စံနှုန်းများတွင် ပထမဆုံးဖြစ်သည်။ ပြည်နယ်များစွာက လက်ခံကျင့်သုံးခဲ့ပြီး နိုင်ငံတကာ ခရီးသွားလာမှုမှာ အသုံးပြုသော ပထမဆုံး ပရိုဂရမ်လည်း ဖြစ်ပါတယ်။ အကျိုးဆက်အနေဖြင့် ထိုင်ဝမ်နိုင်ငံသားများသည် အီးယူအဖွဲ့ဝင်နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၆၄ နိုင်ငံသို့ သွားရောက်နိုင်သည်။

အီလက်ထရွန်းနစ်ဆေးဘက်ဆိုင်ရာမှတ်တမ်းများနှင့်တယ်လီဖုန်းဆေးဝါးဝန်ဆောင်မှု

ထိုင်ဝမ်သည် အီလက်ထရွန်နစ် ဆေးဘက်ဆိုင်ရာ မှတ်တမ်းများ လဲလှယ်ရေးစနစ် (EMR) ကဲ့သို့သော ကျန်းမာရေး အချက်အလက်ဆိုင်ရာ အခြေခံအဆောက်အအုံများကို ၂၀၂၀ ခုနှစ်ကတည်းက တည်ဆောက်နေခဲ့သည်။ 2021 ခုနှစ် မေလမှစတင်၍ ထိုင်ဝမ်သည် ၎င်း၏ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အစည်းများတွင် တယ်လီဖုန်း ဆေးဝါးဝန်ဆောင်မှုများကို တိုးချဲ့ဝန်ဆောင်မှုပေးခဲ့ပြီး ထိုဝန်ဆောင်မှုများကို NHI ၏ ဝန်ဆောင်မှုတရပ်အနေဖြင့် ထည့်သွင်းကာ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အစည်းအတွင်း အစုလိုက် ကူးစက်မှုအန္တရာယ်ကို လျှော့ချစေနိုင်ခဲ့သည်။ NHI MediCloud နှင့် EMR စနစ်များကို အသုံးပြု၍ ဆေးဘက်ဆိုင်ရာဝန်ထမ်းများသည် ဝေးလံခေါင်သီသောဒေသများရှိလူနာများ၏ ဆေးမှတ်တမ်းများရယူပြီး လူနာများနှင့် တိုက်ရိုက်မတွေ့ဆုံနိုင်သော်လည်း သင့်လျော်ပြီး ပြည့်စုံသောဝန်ဆောင်မှုများပေးနိုင်ခြင်းဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ကျန်းမာရေးပန်းတိုင်ကို တဖက်တလမ်းမှ အကောင်အထည်ဖော်ရန် ကူညီပေးပါသည်။

New Taiwan Model

တိကျသောနည်းပညာအသုံးပြုမှု၊ သတင်းအချက်အလက် ပွင့်လင်းမြင်သာမှု၊ တင်းကျပ်သော နယ်စပ်ထိန်းချုပ်မှု၊ ကူးစက်မှုများအတွက် တိကျသောစိစစ်မှုနှင့် စုံစမ်းစစ်ဆေးမှုတို့ဖြင့် ကူးစက်ရောဂါ ထိန်းချုပ်နိုင်ခဲ့ပြီး နိုင်ငံသားများ၏ လူနေမှုပုံစံ ပုံမှန်အတိုင်း ဆက်လက်ရှိခဲ့သည်သာမက စီးပွားရေးကဏ္ဍ ပိုမို တိုးတက်လာသည်။ သို့သော် ၂၀၂၁ နှစ်ကုန်ပိုင်းမှစတင်၍ ကမ္ဘာတစ်ဝှမ်း Omicron မျိုးကွဲ ကူးစက်ပျံ့နှံ့မှုနှင့်အတူ ထိုင်ဝမ်၏ ပတ်ဝန်းကျင် ကူးစက်မှုနှုန်းလည်း တိုးလာသည်။ မျိုးကွဲသည် ကူးစက်နှုန်း ပိုမိုမြင့်မားသော်လည်း ရောဂါလက္ခဏာ မပြင်းထန်ခြင်း သို့ မပြသပေ။ ကူးစက်မှုတိုင်းကို တားဆီးရန် ကြိုးစားခြင်းသည် နိုင်ငံသားတို့၏ အသက်မွေးဝမ်းကျောင်းမှုကို များစွာထိခိုက်စေမည့် အချည်းနှီးသော အားထုတ်မှုတစ်ခုဖြစ်သည်။ ထို့ကြောင့် အစိုးရအနေဖြင့် ၂၀၂၂ ခုနှစ် ဧပြီလမှ စတင်၍ ပြင်းထန်သောရောဂါဖြစ်ပွားမှုများကို ကုသနိုင်ရန်၊ အပျော့စားရောဂါများကို စီမံခန့်ခွဲရန်၊ အလုံးစုံ သက်ရောက်မှုများကို လျှော့ချရန်၊ အလယ်အလတ်နှင့် ပြင်းထန်သောရောဂါဖြစ်ပွားမှုများကို ဂရုစိုက်ရန် ဦးတည်ချက် ချမှတ်သည်။ ဤထိုင်ဝမ်ပုံစံအသစ်သည် ကူးစက်ရောဂါ ကာကွယ်ရေးအစီအမံများ ဆက်လက်တည်ရှိနေချိန်တွင် တိုင်းပြည်နှင့် နိုင်ငံသားများ၏လူနေမှုပုံစံကို ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နိုင်အောင် ဖော်ဆောင်ထားသည်။

နိုင်ငံသားတို့၏ ကိုယ်ခံအား တိုးစေခြင်း

Rapid Test Kits စတင်အသုံးပြုခြင်းဖြင့် ထိုင်ဝမ်သည် quarantine အပါအဝင် အခြား ထိန်းချုပ်မှု အစီအစဉ်များကို လျှော့ချခဲ့ပြီး COVID-19 လူနာနှင့် ထိတွေ့ခဲ့သူများအား နေအိမ်တွင် သီးခြားခွဲထားရန် အကြောင်းကြားသည်။ အဆိုပါ ထိတွေ့သူများအား အကြောင်းကြားနိုင်ရန် အီလက်ထရွန်နစ်အဆက်အသွယ်သတိပေးချက်ကို အသုံးပြုသည်။ Rapid Test Kits လိုအပ်ချက် တိုးလာသည်နှင့်အမျှ အစိုးရက လိုအပ်သော ပမာဏကို တောင်းခံပြီး NHI နှင့် စာချုပ်ထားသော ဆေးဆိုင်များသို့ ဖြန့်ဝေပေးကာ NHI ကတ်များကို အသုံးပြု၍ အများပြည်သူများ ဝယ်ယူနိုင်စေရန် အမည်အခြေခံ ခွဲတမ်းအစီအစဉ်ကို ချမှတ်ခဲ့သည်။

ကျန်းမာရေးစောင့်ရှောက်မှုစွမ်းရည်ကို ထိန်းသိမ်းခြင်း

ထိုင်ဝမ်အနေဖြင့် လူနာများကို ၃ ပိုင်းခွဲ ချဉ်းကပ်ပြီး ရောဂါလက္ခဏာ မပြင်းထန်သူများကို အိမ်တွင်းထား ကုသပြီး အလယ်အလတ်နှင့် ပြင်းထန်သော လူနာများ၊ သက်ကြီးရွယ်အိုများအတွက် ဆေးရုံ၊ ဆေးခန်းများတွင် လက်ခံကုသနိုင်ရန် ပြင်ဆင်ထားသည်။ အိမ်တွင် ကုသနေစဉ်အတွင်း လူများသည် မိုဘိုင်းအက်ပ်များမှတစ်ဆင့် အရေးပေါ်ဆေးကုသမှုဆိုင်ရာ အကြံဉာဏ်များကို ရယူနိုင်သည်။ ဆေးဝါးကျွမ်းကျင်သူများနှင့် ရပ်ရွာဆေးဆိုင်များ ကွန်ရက်တစ်ခုအား တည်ထောင်ပြီး ရောဂါဖြစ်ပွားပါက တိုင်ပင်ဆွေးနွေးနိုင်ရန်နှင့် ဆေးဝါးများပေးပို့ရန် စီစဉ်ထားသည်။ ၂၀၂၂ ခုနှစ် ဧပြီလကုန်ပိုင်းတွင် လူဦးရေ၏ ၈၀ ရာခိုင်နှုန်းခန့်သည် COVID-19 ကာကွယ်ဆေး ထိုးနှံပြီးစီးခဲ့ပြီး ထိုအထဲမှ ၆၀ ရာခိုင်နှုန်းကို booster dose ထပ်မံ ထိုးနှံနိုင်ခဲ့သည်။

Taiwan can help, and Taiwan is helping

ယနေ့ ကမ္ဘာကြီးသည် ကပ်ရောဂါ၊ ကာကွယ်ဆေးထောက်ပံ့မှုနှင့် ကပ်ရောဂါပြီးနောက် ပြန်လည်ထူထောင်ရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေကြရသည်။ နိုင်ငံများသည် အတူတကွ ပူးပေါင်းလုပ်ဆောင်ပြီး နောင်ဖြစ်နိုင်သော ကပ်ရောဂါများအတွက် ကြိုတင်ပြင်ဆင်ထားသင့်သည်။ ထိုင်ဝမ်သည် ကပ်ရောဂါပြီးနောက် ပြန်လည်ထူထောင်ရေးအတွက် မရှိမဖြစ်မိတ်ဖက်နိုင်ငံဖြစ်သည်။ ကပ်ရောဂါကို ထိန်းချုပ်ရန်အတွက် ထိုင်ဝမ်သည် အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ကာ COVID-19 ကာကွယ်ဆေးနှင့် ဆေးဝါးများ သုတေသနပြုလုပ်ခြင်း၊ တီထွင်ခြင်းများအပြင် လိုအပ်သောနိုင်ငံများသို့ ဆေးဘက်သုံးနှာခေါင်းစည်းများ၊ ဆေးဝါးများနှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများကို လှူဒါန်းခဲ့သည်။ ယင်းသည် ထိုင်ဝမ်၏ ကူညီနိုင်စွမ်းကို ပြသနေပြီး ထိုင်ဝမ်ကလည်း ကူညီနေပါတယ်။

၇၅ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံ (WHA) ကို မေလတွင် ကျင်းပမည်ဖြစ်သည်။ လွန်ခဲ့သည့်ငါးနှစ်တာကာလအတွင်း ထိုင်ဝမ်သည် WHA တွင်ပါဝင်ရန် ဖိတ်ကြားခြင်းမပြုခဲ့ပေ။ ထိုင်ဝမ်သည် ကမ္ဘာ့ကျန်းမာရေး ကဏ္ဍများတွင် အခြားနိုင်ငံများနှင့် သီးခြားမဖြစ်စေရန်နှင့် ကွာဟချက် မရှိစေရန် ရည်ရွယ်၍ ယခုနှစ် WHA တွင် ပရော်ဖက်ရှင်နယ်နှင့် လက်တွေ့ကျသောပုံစံဖြင့် ပါဝင်ရန် ကြိုးပမ်းနေပြီး WHO ၏ မျှော်မှန်းချက် “ကမ္ဘာလုံးဆိုင်ရာ ရောဂါကာကွယ်ရေးကွန်ရက်” တည်ထောင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်မှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ပံ့ပိုးကူညီနိုင်စေရန် မျှော်မှန်းထားသည်။

ထိုင်ဝမ်၏ WHO တွင် ပါဝင်မှုကို ထောက်ခံရန်နှင့် WHO အစည်းအဝေးများ၊ ယန္တရားများနှင့် လှုပ်ရှားမှုများတွင် အပြည့်အ၀ပါဝင်ခွင့်ပြုရန် WHO နှင့် ဆက်စပ်အဖွဲ့အစည်းများအား ကျွန်ုပ်တို့ တိုက်တွန်းပါသည်။ WHO ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသော အခြေခံလူ့အခွင့်အရေး တရပ်တွင် ပါဝင်နေသည့် ကျန်းမာရေး ခံစားခွင့်ကို အပြည့်အဝ ရရှိစေရန် ထိုင်ဝမ်သည် ကျန်ကမ္ဘာ့နိုင်ငံများအားလုံးနှင့် ဆက်လက် ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ပါသည်။ ကုလသမဂ္ဂ၏ ၂၀၃၀ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များအရ မည်သူမျှ နောက်ကျကျန်မနေသင့်ပါ။

ထိုင်ဝမ် ကျန်းမာရေးနှင့် လူမှုဖူလုံရေးဝန်ကြီး Dr. Shih-Chung Chen