Online application for R.O.C.(Taiwan) Travel Authorization Certificate (Applicable to citizens of India, Indonesia, Vietnam, Myanmar, Cambodia and Lao).
အိန္ဒိယ၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုစသည့် နိုင်ငံမှ နိုင်ငံသားများ ထိုင်ဝမ်သို့မဝင်ရောက်မီ အင်တာနက်ပေါ်တွင် ကြိုတင်စီစစ်နိုင်သည့်ပြည်ဝင်ခွင့်ကို လျှောက်ယူရာတွင် အောက်ပါအချက်အလက်များနှင့် ကိုက်ညီရမည်။
အခြေခံအချက်အလက်များ (အားလုံးနှင့် ကိုက်ညီရမည်။)
- ကိုင်ဆောင်ထားသော နိုင်ငံကူးလက်မှတ်သည် ၆ လနှင့်အထက် သက်တမ်းရှိရမည်။ (ဆိုလိုသည်မှာ ထိုင်ဝမ်ကို အမှန်တကယ်ဝင်ရောက်ချိန်တွင်ရှိရမည့်သက်တမ်း ဖြစ်သည်။ အင်တာနက်ပေါ်တွင် လျှောက်ထားသည့်အချိန်ကို ဆိုလိုခြင်းမဟုတ်ပါ။)
- အပြန်လေယာဥ်လက်မှတ်၊ သင်္ဘောလက်မှတ် (သို့) နောက်ထပ်သွားမည့်နေရာ၏ လေယာဥ်လက်မှတ်၊ သင်္ဘောလက်မှတ်ကို ထုတ်ပြနိုင်ရမည်။
- ယခင် ထိုင်ဝမ်တွင် ရွှေ့ပြောင်းလုပ်သားအဖြစ် အလုပ်လုပ်ကိုင်ခဲ့ဖူးခြင်း မရှိရပါ။
- ထိုင်ဝမ်တွင် စည်းမျဥ်းစည်းကမ်းများ ချိုးဖောက်ထားဖူးသူ မဖြစ်ရပါ။
အထူးအချက်အလက်များ (အောက်ပါ အချက်အလက်များထဲမှ တစ်ခုသာ လိုအပ်မည်။)
- ယခုလက်ရှိအချိန်တွင် အမေရိကန်၊ ကနေဒါ၊ ယူကေ၊ ဥရောပရှန်ဂန်၊ နယူးဇီလန်၊ ဩစတြေးလျ၊ ဂျပန်၊ ကိုရီးယား စသည့်နိုင်ငံများမှ ထုတ်ပေးသည့် အထောက်အထားများ -
- သက်တမ်းရှိ နေထိုင်ခွင့်ကတ်ပြား (သို့) အမြဲတမ်းနေထိုင်ခွင့်ကတ်ပြား
- သက်တမ်းရှိဗီဇာ (အီးဗီဇာအပါအဝင်)
- လွန်ခဲ့သည့် ၁၀ နှစ်အတွင်းကဖြစ်သော သက်တမ်းကုန်သွားသည့် နေထိုင်ခွင့်ကတ်ပြား (သို့) ဗီဇာ
သို့သော် သက်တမ်းကုန်ဆုံးသွားသည့် ဩစတြေးလျဗီဇာ၊ နယူးဇီလန်အီးဗီဇာတို့ဖြင့် လျှောက်ထားခွင့်မရှိပါ။
※ ဗီယက်နမ်နိုင်ငံသားများအနေဖြင့် ဂျပန်/ကိုရီးယားမှ ထုတ်ပေးသည့် အထောက်အထားများဖြင့် လျှောက်ထားခွင့်မရှိပါ။
※ သြစတြေးလျ (သို့) နယူးဇီလန်မှ ထုတ်ပေးထားသော အီလက်ထရောနစ်ဗီဇာကို အသုံးပြုလျှောက်ထားလျှင် ထိုဗီဇာသည် သက်တမ်းရှိဆဲဗီဇာ ဖြစ်ရမည်။
※ ဂျပန် (သို့) ကိုရီးယားဗီဇာကို အသုံးပြုလျှောက်ထားလျှင် သက်ဆိုင်ရာနိုင်ငံသို့ဝင်ရောက်ထားကြောင်းမှတ်တမ်းကို ပြသရမည်။
- လက်ရှိတွင် ပြီးခဲ့သည့် ၁၀ နှစ်အတွင်းက ထုတ်ပေးခဲ့သော ထိုင်ဝမ်ဗီဇာ သို့မဟုတ် နေထိုင်ခွင့်ကတ်ပြားကို ကိုင်ဆောင်ထားပါက ထိုင်ဝမ်ဗီဇာမှတ်ချက်ပေါ်တွင် အမှတ်အသားများဖြစ်သော “FL” (ရွှေ့ပြောင်း)၊ “X” (အခြား)၊ “P” with Special Permission from MOFA (Kuan-Hong Project) စာရွက်စာတမ်း (သို့) ယခင်ပုံစံ အီးဗီဇာ) (သို့) နေထိုင်ခွင့်ကတ်ပြားပေါ်တွင် “ရွှေ့ပြောင်း” လုပ်သားဟူ၍ မှတ်ချက်ပေးထားပါက လျှောက်ထား၍ မရပါ။
သတိထားရမည့် အချက်အလက်များ
- ဤစနစ်ကိုအသုံးပြု၍ ပြည်ဝင်ခွင့်လျှောက်ပြီး ထိုင်ဝမ်သို့ဝင်ရောက်မည့်သူများ နှစ်စဥ် (ထိုနှစ်၏ ဇန်နဝါရီလ ၁ ရက်နေ့မှ ထိုနှစ်၏ ဒီဇင်ဘာလ ၃၁ ရက်နေ့အတွင်း) နိုင်ငံအတွင်းသို့ ၆ ကြိမ် ဝင်ရောက်ခွင့်ရှိသည်။ တစ်နှစ်အတွင်း ထိုင်ဝမ်သို့ ၆ ကြိမ်အထက် ဝင်ရောက်ရန်လိုအပ်သူများအနေဖြင့် ၇ ကြိမ်မြောက်မှစတင်ပြီး ဤရုံးသို့ ဗီဇာလာရောက်လျှောက်ထားရမည်ဖြစ်သည်။
- သတ်မှတ်ထားသောအချက်အလက်များဖြင့်ကိုက်ညီပြီး ဗီဇာလျှောက်ထားရန်မလိုအပ်ပါက ကိုယ်ရေးအချက်အလက်များကို မှန်ကန်စွာဖြည့်ပါ။ အကယ်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ အမျိုးသားလူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ထိုနှစ်အတွင်း ထိုင်ဝမ်သို့ ၆ ကြိမ်ထက်ပို၍ဝင်ရောက်ကြောင်းကို စစ်ဆေးတွေ့ရှိပါက ဝင်ရောက်ခွင့်ငြင်းပယ်ခြင်းကိုခံရမည်ဖြစ်သည်။
- နေထိုင်ခွင့်သက်တမ်းမှာ ၁၄ ရက်ဖြစ်ပြီး စတင်ဝင်ရောက်သည့်နေ့မှ စတွက်မည်ဖြစ်သည်။ ခွင့်ပြုဗီဇာသက်တမ်းမှာ ရက် ၉၀ ဖြစ်ပြီး ဗီဇာသက်တမ်းမပြည့်မှီ ၇ ရက်အလိုတွင် အသစ်ပြန်လည်လျှောက်ထားနိုင်သည်။ သက်တမ်းအတွင်း ထပ်ခါထပ်ခါ အသုံးပြုနိုင်သည်။
- ဖြည့်စွက်ရာတွင် မှားယွင်းမှုတစုံတရာရှိပါက ချက်ချင်းအသစ်ပြန်လည်လျှောက်ထားနိုင်သည်။
- တရားဝင်နိုင်ငံကူးလက်မှတ်ဖြင့်သာ လျှောက်ထားရမည်။ ယာယီ၊ အရေးပေါ်၊ သံတမန်၊ အမှုထမ်း၊ အခြားသောတရားမဝင်နိုင်ငံကူးလက်မှတ်များ (သို့) အခြားသောခရီးသွားအထောက်အထားများဖြင့် လျှောက်ထား၍မရပါ။
- တရားဝင်ဗီဇာကိုင်ဆောင်ထားသောသူများဖြစ်ရမည်ဖြစ်ပြီး အလုပ်အကိုင်ပါမစ် (သို့) အခြားသော နည်းတူစာရွက်စာတမ်းများ အသုံးပြု၍ မရပါ။
- အထက်ဖော်ပြပါနိုင်ငံများ၏ဗီဇာပေါ်တွင် VOID၊ CANCELLED သို့ CANCELLED WITHOUT PREJUDICE စသည့် တံဆိပ်တုံးများထုထားပါက လျှောက်ထား၍မရပါ။
- သက်တမ်းကုန်ပြီး ဆယ်နှစ်အတွင်းဖြစ်သော နေထိုင်ခွင့်ကတ်ပြား (သို့) ဗီဇာ ဆိုသည်မှာ အဆိုပါ ကတ်ပြား (သို့) ဗီဇာသက်တမ်းပြည့်ပြီးရက်မှစ၍ (အကယ်၍ ၎င်းကတ်ပြားတွင် သက်တမ်းကုန်ဆုံးရက်မပါရှိပါက ကတ်ပြားစတင်ထုတ်ပေးသောရက်ကို မှတ်ယူမည်။) ထိုင်ဝမ်သို့ ဝင်ရောက်မည့်ရက် နှစ်ခုအကြားရက်ပေါင်းသည် ဆယ်နှစ်အထက် မဖြစ်ရပါ။
- အမြဲတမ်းနေထိုင်ခွင့် ကတ်ပြားပေါ်တွင် သက်တမ်းကုန်ဆုံးရက်မပါပါက အဆိုပါကတ်ပြား၏ ကုန်ဆုံးရက်ကို “9999 ခုနှစ်/12 လ/31 ရက်နေ့” ဖြင့် အစားထိုးရမည်။
- ခွင့်ပြုဗီဇာကို လေဆာမိတ္တူစက်ဖြင့် ကူးယူရန်အကြံပြုပြီး နိုင်ငံပြည်တွင်းသို့ဝင်ရောက်ချိန်တွင် ခွင့်ပြုအထောက်အထားနှင့် အထူးအခြေအနေများတွင် စာရွက်စာတမ်းများစစ်ဆေးနိုင်ရန်အတွက် တင်ပြပေးနိုင်ရမည်ဖြစ်သည်။ တင်ပြနိုင်ခြင်းမရှိသူများ ပြည်ဝင်ခွင့်ငြင်းပယ်ခြင်းကိုခံရမည် ဖြစ်သည်။
- ဂျပန်နိုင်ငံမှခွင့်ပြုပေးသော “Japan Visa Waiver Registration” ကို ကိုင်ဆောင်ထားသောအင်ဒိုနီးရှားနိုင်ငံသားများအနေဖြင့် ဤပြည်ဝင်ခွင့်ကိုလျှောက်ထားနိုင်သည်။
- ဤစာရွက်စာတမ်းဖြင့် နိုင်ငံအတွင်းသို့ ပထမဆုံးအကြိမ် ဝင်ရောက်သည့်အခါ ပြည်ဝင်ခွင့်ပုံစံကို ဖြည့်စွက်ရန်မလိုပါ။ ဤစာရွက်စာတမ်း (အထောက်အထား) သက်တမ်းကာလအတွင်း ထပ်မံဝင်ရောက်မှသာ ပြည်ဝင်ခွင့်ပုံစံကိုဖြည့်စွက်ရန် လိုအပ်မည်ဖြစ်သည်။
https://niaspeedy.immigration.gov.tw/webacard/
အင်တာနက်မှလျှောက်မည့်လိပ်စာ :
https://niaspeedy.immigration.gov.tw/nia_southeast/