အနုပညာဖန်တီးမှုအရည်အသွေးများမြှင့်တင်ရန်၊ နိုင်ငံတကာယဉ်ကျေးမှုဖလှယ်ရေးကိုအားပေးရန်နှင့် အနုပညာကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ထိုင်ဝမ်၊ ထိုင်ချုန်မြို့အစိုးရမှ (၃၁) ကြိမ်မြောက်ဒါဒွန်အနုပညာပြပွဲ (31st Da Dun Fine Arts Exhibition) ကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ အသေးစိတ်အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
လျှောက်လွှာတင်ရမည့်ကာလ : ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ဧပြီလ ၁၅ ရက်
ပြိုင်ပွဲအမျိုးအစားများ : မှင်ပန်းချီ (Ink Painting)၊ လက်ရေးလှပညာ (Calligraphy)၊ တံဆိပ်တုံးထွင်းထုခြင်း (Seal Engraving)၊ ဂျပန်စတိုင်ပန်းချီ (Nihonga)၊ ဆီဆေးပန်းချီ (Oil Painting)၊ ရေဆေးပန်းချီ (Watercolor)၊ ပုံနှိပ်ပန်းချီ (Printmaking)၊ ဓာတ်ပုံပညာ (Photography)၊ ပန်းပု (Sculpture)၊ လက်မှုပညာ (Crafts) နှင့် ဒစ်ဂျစ်တယ်အနုပညာ (Digital Art)
ဝင်ရောက်ယှဉ်ပြိုင်နိုင်သူများ : အနုပညာဖန်တီးမှုတွင်ပါဝင်ဆောင်ရွက်နေသည့် ပြည်တွင်းပြည်ပမှမည်သည့်အနုပညာရှင်မဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်။
အသေးစိတ်စည်းမျဉ်းစည်းကမ်းများကိုသိရှိလိုပါက ဒါဒွန်အနုပညာပြပွဲ ဝက်ဘ်ဆိုက် https://www.dadunfae.taichung.gov.tw/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည် (သို့) ဖုန်းနံပါတ် +၈၈၆-၄-၂၂၂၈-၉၁၁၁ (လိုင်းခွဲ ၂၅၂၁၇) မှတစ်ဆင့် မစ္စဟွမ် (Ms. Huang) ထံသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
To enhance the level of artistic creation and promote international cultural exchange, the Taichung City Government is organizing the 31st Da Dun Fine Arts Exhibition. The key details are as follows:
Submission Period: Registration must be completed between April 1 and April 15, 2026.
Categories: Ink Painting, Calligraphy, Seal Engraving, Eastern Gouache, Oil Painting, Watercolor, Printmaking, Photography, Sculpture, Crafts, and Digital Art.
Eligibility: All domestic and foreign artists. For detailed regulations, please visit the official Da Dun Fine Arts Exhibition website: https://www.dadunfae.taichung.gov.tw/ or contact Ms. Huang at +886-4-2228-9111 ext. 25217.